Followers

Powered by Blogger.

ဖေဖော်ဝါရီလteen Magazine၏ Blog Digest

Posted on
  • Wednesday, February 15, 2012
  • by
  • AMK Creation
  • in
  • Labels:

  • နုနယ်ပျိုမြစ် ဖူးငုံမလေး Mဆိုင်းလုရဲ့ ချစ်စဖွယ် မျက်နှာဖုံးလေးနဲ့ ဖေဖော်ဝါရီလ teen  Magazine ထွက်ရှိခဲ့ပြန်ပါပြီ။ ဒီလ Blog Digest အကြောင်း မပြောခင် ဒီလထုတ် teen Magazine မှာ ပါဝင်တဲ့ ဆောင်းပါးများနဲ့ ၀တ္တုများကို အရင် မိတ်ဆက်ပေးချင်ပါသေးတယ်။ ဒီလ ဖူးငုံမှာ ပါဝင်တဲ့ ကဗျာ၊ ဆောင်းပါးနဲ့ဝတ္တုများက ဖူးငုံပရိသတ်များ ကို သေချာပေါက် ဆွဲဆောင်ထားမှာ သေချာပါတယ်။ ကဗျာဆရာ သားဦးနဲ့ ကဗျာဆရာ မောင်ရေချမ်း တို့ရဲ့ နှစ်သက်ဖွယ် ကဗျာရှည်များ၊ စာရေးဆရာ/ ဘလော့ဂါ နေဘုန်းလတ်@ ဘုန်းဦးမော်၊ ဆရာမ မြနှောင်းညို၊ ဆရာမ စံပယ်ဖြူနု၊ ဆရာ မြေမှုန်လွင်၊ ဆရာ ခရမ်းသစ်အိမ်၊ ဆရာ ညီမင်းညိုတို့  လက်ရာမွန် ၀တ္တုတိုများ၊ ဖူးငုံ လူငယ်များရဲ့ လက်ရာများ ဖြစ်ကြတဲ့   မြသရဖီကျော်၊ ဖြူပန်းနုခင်၊ စောနဒီ (မြစ်ကြီးနား)၊ မိုးထက်ကျော် (ကွင်းကောက်)တို့ရဲ့ လက်စွမ်းပြ ချက်များ၊ ဆရာ မင်းကိုဥာဏ်၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာမ ဧကရီဘိုတို့ရဲ့ ဆောင်းပါးများဟာလဲ ဖူးငုံ ပရိသတ်ကို စိတ်ကျေနပ်မှု အပြည့်အ၀ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
    ဒီတစ်လ ဖူးငုံမှာ ထူးခြားချက်က “လက်သစ်ကဗျာ” ဆိုပြီး ကဗျာသွေးကြွနေကြတဲ့ ဖူးငုံလူငယ်များအတွက် ကဏ္ဍအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်လိုက်တာပါ။ ကဗျာဝါသနာပါသူ၊ မိမိကိုယ်ကို မိမိ လူငယ်လေးတစ်ဦးပါလို့ သတ်မှတ်သူတိုင်း ကလောင်အမည်၊ အမည်ရင်း၊ အသက် (ဖော်ပြရန်မမေ့ပါနှင့်)တို့ ဖော်ပြလျှက် “ လက်သစ် ကဗျာကဏ္ဍ၊ ဖူးငုံမဂ္ဂဇင်းတိုက်” သို့ လိပ်မူပြီး ကဗျာများ ပို့ပေးနိုင်ကြပါတယ်။ ကဗျာများကို ပညာရှင် တစ်ယောက်ပုံစံနဲ့ ရွေးချယ်သွားမှာမဟုတ်ပဲ၊ ကဗျာချစ်သူ အယ်ဒီတာတစ်ယောက်ရဲ့ အမြင်နဲ့ သုံးသပ်မှာ ဖြစ်ပြီး၊ ဖတ်ကြည့်ပြီးတဲ့အခါ ဒါကဗျာပဲလို့ ခံစားလို့ရရင်၊ နှလုံးသားကို ထိခတ်လှုပ်ခါမယ် ဆိုရင် ရွေးချယ်ဖော်ပြမှာ ဖြစ်တယ်လို့ အယ်ဒီတာအဖွဲ့က   ကြေညာထားပါတယ်။
    ကဗျာများ၊ ၀တ္တုတိုများ၊ ဆောင်းပါးများကို ပေးပို့ချင်ရင်ဖြင့်  -
    အယ်ဒီတာအဖွဲ့
    ဖူးငုံမဂ္ဂဇင်း
    အခန်း၁၇၊ ၁၅၈-၁၆၈၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ရန်ကုန်မြို့။
    ဖုန်း – ၂၅၄၂၅၂
    အီးမေးလ် – phoongone.teen@gmail.com
    ….သို့ လွတ်လပ်စွာ ရေးသားလိပ်မူ ပေးပို့နိုင်ပါကြောင်း။

    0 comments:

    Post a Comment