Followers

Powered by Blogger.

လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ စာပေဆွေးနွေးပွဲ (အပိုင်း-၁)

Posted on
  • Wednesday, February 15, 2012
  • by
  • AMK Creation
  • in
  • Labels:
  • နိုင်ငံတကာနှင့် ရင်ပေါင်တန်းရန် ဆန္ဒပြင်းပြနေတဲ့ ဖူးငုံမဂ္ဂဇင်း – Teen Magazine မှ လူငယ်စာရေးဆရာများရဲ့အမြင်၊ ခံယူချက်၊ ယုံကြည်မှုများကို အခြေခံတဲ့ စာပေဆွေးနွေးပွဲ တစ်ခုကို ဇန်န၀ါရီလ (၁၅)ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခြံမှာ နေ့လည်(၂)နာရီမှာ ညနေ( ၅)နာရီအထိ အောင်မြင်စွာ ကျင်းပ တင်ဆက်သွားခဲ့ပါတယ်။




    တိုင်းပြည်ရဲ့ ဒီမိုကရေစီစံနစ် အသွင်ကူးပြောင်းကာလဖြစ်သည့်အားလျှော်စွာ၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားများကို နိုင်ငံတော် အစိုးရကနေ ပြန်လွှတ်ပေးပြီးတဲ့ အချိန်ကာလနှင့် အမှတ်မထင် တိုက်ဆိုင်နေခဲ့တဲ့ သည်ပွဲမှာ စာရေးဆရာများ၊ စာပေ၀ါသနာရှင်များ၊ ဖူးငုံမဂ္ဂဇင်း ပရိသတ်များ၊ ဖူးငုံချစ်သူအဖွဲ့ဝင်များ၊ အခြား စိတ်ပါ ၀င်စားကြသူများသာမက မကြာသေးမီက နိုင်ငံရေးဖြင့် အကျဉ်းကျခံရခြင်းမှ လွတ်မြောက်လာတဲ့ ကိုဂျင်မီ၊ ဇော်သက်ထွေး၊ မနီလာသိန်းတို့နဲ့အတူ ဘလော့ဂါနေဘုန်းလတ်ပါ တက်ရောက်ပါဝင်ခဲ့ပါတယ်။


    အစီအစဉ် စတင်ကာနီးမှာတော့ ခန်းမတစ်ခုလုံး ပရိသတ်များနဲ့ အပြည့် ဖြစ်နေပါပြီ။ လူငယ်အများစုဟာ စိတ်အားထက်သန်မှု ကိုယ်စီနဲ့ ဒီပွဲက ပေးမယ့် ရသတစ်ခုခုကို အမိအရ ဆုတ်ကိုင်နိုင်ဖို့၊ ဒီပွဲလေးကနေ တစ်ခုခု အရယူမယ်ဆိုတဲ့ ခံယူချက်၊ ဒီပွဲလေးကနေ တစ်ခုခု ပြန်ရစေရမယ် ဆိုတဲ့  ယုံကြည်ချက်များနဲ့ ကိုယ်စီတက်ရောက်လာကြတယ်ဆိုတာ သူတို့ရဲ့ မျက်နှာများပေါ်မှာ အတိုင်းသား မြင်နေရပါတယ်။ လူငယ်များအတွက် ဒီလို အခွင့်အရေးမျိုးတွေ ရှားပါးနေချိန်မှာ ဖူးငုံမဂ္ဂဇင်းကနေ လူငယ်တွေအတွက် တလေးတစား နေရာပေးဖို့ အခွင့်အလမ်းကို ခေတ်နဲ့ မျက်ခြေမပြတ်စေရပဲ ဖန်တီးပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။


    ဖူးငုံမဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ ဆရာမျိုးမြင့်ညိမ်းက ဒီပွဲလေး စီစဉ်ဖြစ်ခဲ့ပုံနဲ့ ဒီပွဲဖြစ်မြောက်ဖို့ အစစ ၀ိုင်းဝန်းပံ့ပိုးပေးခဲ့ သူများကို ကျေးဇူးစကား ဦးစွာ ပြောကြားပြီးနောက် စာရေးဆရာများရဲ့ ဆွေးနွေးပွဲ အစီအစဉ် မစတင်ခင်မှာ၊ နိုင်ငံရေးပုဒ်မဖြင့် ထိမ်းသိမ်းထားခြင်းခံရမှ လွတ်ငြိမ်းခွင့်နဲ့ မကြာမီရက်ပိုင်းကမှ ပြန်လည် လွတ်မြောက်လာတဲ့ ကိုဂျင်မီကို “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ”ဆိုတဲ့ ခေါင်းစဉ်အပေါ် ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

    0 comments:

    Post a Comment