Followers

Powered by Blogger.

လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ စာပေဆွေးနွေးပွဲ (အပိုင်း-၁)

နိုင်ငံတကာနှင့် ရင်ပေါင်တန်းရန် ဆန္ဒပြင်းပြနေတဲ့ ဖူးငုံမဂ္ဂဇင်း – Teen Magazine မှ လူငယ်စာရေးဆရာများရဲ့အမြင်၊ ခံယူချက်၊ ယုံကြည်မှုများကို အခြေခံတဲ့ စာပေဆွေးနွေးပွဲ တစ်ခုကို ဇန်န၀ါရီလ (၁၅)ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခြံမှာ နေ့လည်(၂)နာရီမှာ ညနေ( ၅)နာရီအထိ အောင်မြင်စွာ ကျင်းပ တင်ဆက်သွားခဲ့ပါတယ်။




တိုင်းပြည်ရဲ့ ဒီမိုကရေစီစံနစ် အသွင်ကူးပြောင်းကာလဖြစ်သည့်အားလျှော်စွာ၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားများကို နိုင်ငံတော် အစိုးရကနေ ပြန်လွှတ်ပေးပြီးတဲ့ အချိန်ကာလနှင့် အမှတ်မထင် တိုက်ဆိုင်နေခဲ့တဲ့ သည်ပွဲမှာ စာရေးဆရာများ၊ စာပေ၀ါသနာရှင်များ၊ ဖူးငုံမဂ္ဂဇင်း ပရိသတ်များ၊ ဖူးငုံချစ်သူအဖွဲ့ဝင်များ၊ အခြား စိတ်ပါ ၀င်စားကြသူများသာမက မကြာသေးမီက နိုင်ငံရေးဖြင့် အကျဉ်းကျခံရခြင်းမှ လွတ်မြောက်လာတဲ့ ကိုဂျင်မီ၊ ဇော်သက်ထွေး၊ မနီလာသိန်းတို့နဲ့အတူ ဘလော့ဂါနေဘုန်းလတ်ပါ တက်ရောက်ပါဝင်ခဲ့ပါတယ်။


အစီအစဉ် စတင်ကာနီးမှာတော့ ခန်းမတစ်ခုလုံး ပရိသတ်များနဲ့ အပြည့် ဖြစ်နေပါပြီ။ လူငယ်အများစုဟာ စိတ်အားထက်သန်မှု ကိုယ်စီနဲ့ ဒီပွဲက ပေးမယ့် ရသတစ်ခုခုကို အမိအရ ဆုတ်ကိုင်နိုင်ဖို့၊ ဒီပွဲလေးကနေ တစ်ခုခု အရယူမယ်ဆိုတဲ့ ခံယူချက်၊ ဒီပွဲလေးကနေ တစ်ခုခု ပြန်ရစေရမယ် ဆိုတဲ့  ယုံကြည်ချက်များနဲ့ ကိုယ်စီတက်ရောက်လာကြတယ်ဆိုတာ သူတို့ရဲ့ မျက်နှာများပေါ်မှာ အတိုင်းသား မြင်နေရပါတယ်။ လူငယ်များအတွက် ဒီလို အခွင့်အရေးမျိုးတွေ ရှားပါးနေချိန်မှာ ဖူးငုံမဂ္ဂဇင်းကနေ လူငယ်တွေအတွက် တလေးတစား နေရာပေးဖို့ အခွင့်အလမ်းကို ခေတ်နဲ့ မျက်ခြေမပြတ်စေရပဲ ဖန်တီးပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။


ဖူးငုံမဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ ဆရာမျိုးမြင့်ညိမ်းက ဒီပွဲလေး စီစဉ်ဖြစ်ခဲ့ပုံနဲ့ ဒီပွဲဖြစ်မြောက်ဖို့ အစစ ၀ိုင်းဝန်းပံ့ပိုးပေးခဲ့ သူများကို ကျေးဇူးစကား ဦးစွာ ပြောကြားပြီးနောက် စာရေးဆရာများရဲ့ ဆွေးနွေးပွဲ အစီအစဉ် မစတင်ခင်မှာ၊ နိုင်ငံရေးပုဒ်မဖြင့် ထိမ်းသိမ်းထားခြင်းခံရမှ လွတ်ငြိမ်းခွင့်နဲ့ မကြာမီရက်ပိုင်းကမှ ပြန်လည် လွတ်မြောက်လာတဲ့ ကိုဂျင်မီကို “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ”ဆိုတဲ့ ခေါင်းစဉ်အပေါ် ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
Read More...

ဖေဖော်ဝါရီလteen Magazine၏ Blog Digest


နုနယ်ပျိုမြစ် ဖူးငုံမလေး Mဆိုင်းလုရဲ့ ချစ်စဖွယ် မျက်နှာဖုံးလေးနဲ့ ဖေဖော်ဝါရီလ teen  Magazine ထွက်ရှိခဲ့ပြန်ပါပြီ။ ဒီလ Blog Digest အကြောင်း မပြောခင် ဒီလထုတ် teen Magazine မှာ ပါဝင်တဲ့ ဆောင်းပါးများနဲ့ ၀တ္တုများကို အရင် မိတ်ဆက်ပေးချင်ပါသေးတယ်။ ဒီလ ဖူးငုံမှာ ပါဝင်တဲ့ ကဗျာ၊ ဆောင်းပါးနဲ့ဝတ္တုများက ဖူးငုံပရိသတ်များ ကို သေချာပေါက် ဆွဲဆောင်ထားမှာ သေချာပါတယ်။ ကဗျာဆရာ သားဦးနဲ့ ကဗျာဆရာ မောင်ရေချမ်း တို့ရဲ့ နှစ်သက်ဖွယ် ကဗျာရှည်များ၊ စာရေးဆရာ/ ဘလော့ဂါ နေဘုန်းလတ်@ ဘုန်းဦးမော်၊ ဆရာမ မြနှောင်းညို၊ ဆရာမ စံပယ်ဖြူနု၊ ဆရာ မြေမှုန်လွင်၊ ဆရာ ခရမ်းသစ်အိမ်၊ ဆရာ ညီမင်းညိုတို့  လက်ရာမွန် ၀တ္တုတိုများ၊ ဖူးငုံ လူငယ်များရဲ့ လက်ရာများ ဖြစ်ကြတဲ့   မြသရဖီကျော်၊ ဖြူပန်းနုခင်၊ စောနဒီ (မြစ်ကြီးနား)၊ မိုးထက်ကျော် (ကွင်းကောက်)တို့ရဲ့ လက်စွမ်းပြ ချက်များ၊ ဆရာ မင်းကိုဥာဏ်၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာမ ဧကရီဘိုတို့ရဲ့ ဆောင်းပါးများဟာလဲ ဖူးငုံ ပရိသတ်ကို စိတ်ကျေနပ်မှု အပြည့်အ၀ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒီတစ်လ ဖူးငုံမှာ ထူးခြားချက်က “လက်သစ်ကဗျာ” ဆိုပြီး ကဗျာသွေးကြွနေကြတဲ့ ဖူးငုံလူငယ်များအတွက် ကဏ္ဍအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်လိုက်တာပါ။ ကဗျာဝါသနာပါသူ၊ မိမိကိုယ်ကို မိမိ လူငယ်လေးတစ်ဦးပါလို့ သတ်မှတ်သူတိုင်း ကလောင်အမည်၊ အမည်ရင်း၊ အသက် (ဖော်ပြရန်မမေ့ပါနှင့်)တို့ ဖော်ပြလျှက် “ လက်သစ် ကဗျာကဏ္ဍ၊ ဖူးငုံမဂ္ဂဇင်းတိုက်” သို့ လိပ်မူပြီး ကဗျာများ ပို့ပေးနိုင်ကြပါတယ်။ ကဗျာများကို ပညာရှင် တစ်ယောက်ပုံစံနဲ့ ရွေးချယ်သွားမှာမဟုတ်ပဲ၊ ကဗျာချစ်သူ အယ်ဒီတာတစ်ယောက်ရဲ့ အမြင်နဲ့ သုံးသပ်မှာ ဖြစ်ပြီး၊ ဖတ်ကြည့်ပြီးတဲ့အခါ ဒါကဗျာပဲလို့ ခံစားလို့ရရင်၊ နှလုံးသားကို ထိခတ်လှုပ်ခါမယ် ဆိုရင် ရွေးချယ်ဖော်ပြမှာ ဖြစ်တယ်လို့ အယ်ဒီတာအဖွဲ့က   ကြေညာထားပါတယ်။
ကဗျာများ၊ ၀တ္တုတိုများ၊ ဆောင်းပါးများကို ပေးပို့ချင်ရင်ဖြင့်  -
အယ်ဒီတာအဖွဲ့
ဖူးငုံမဂ္ဂဇင်း
အခန်း၁၇၊ ၁၅၈-၁၆၈၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ရန်ကုန်မြို့။
ဖုန်း – ၂၅၄၂၅၂
အီးမေးလ် – phoongone.teen@gmail.com
….သို့ လွတ်လပ်စွာ ရေးသားလိပ်မူ ပေးပို့နိုင်ပါကြောင်း။
Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ


ဒီနေ့၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့။
ဒီနေ့ဟာ ကျွန်မတို့နိုင်ငံရဲ့ သောက်ရှူးကြယ်လို့ တင်စားလို့ရတဲ့ ကျွန်မတို့ရဲ့ အသွေးထဲ အသားထဲကနေ လေးစားကြည်ညိုရတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါဘဲရှင်။ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမယ့် မောင်ထိန်လင်းကို မကွေးခရိုင်၊ နတ်မောက် မြို့မှာ အမိန့်တော်ရ ရှေ့နေ ဦးဖာ-ဒေါ်စုတို့ကနေ ၁၉၁၅ ခုနှစ်၊   ဖေဖော်ဝါရီလ ၁၃ရက်နေ့၊ စနေနေ့မှာ မွေးဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဒီနေ့ဟာ ဗိုလ်ချုပ်အသက် ၉၇နှစ်ပြည့်မြောက်တဲ့ နေ့ပါပဲ။ အိန္ဒိယမှာ ဂန္ဒီ၊ တရုပ်မှာ မော်စီတုန်း၊ ဗီယက်နမ်မှာ ဟိုချီမင်း၊ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း။ ဒါကို ဘယ်လိုမှ မေ့ဖျောက်လို၊့ မရကြပါဘူး။ သူတို့ အားလုံးဟာ ကောင်းမွန်တဲ့ သမိုင်းကိုယ်စီနဲ့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲ့ သူများပါဘဲ။
ဒီနေ့လို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ရက်မြတ်မှာ အမှတ်တရ ပို့စ်လေးတစ်ခု တင်ချင်လာမိပါတယ်။ ဒီတော့ ကျွန်မစဉ်းစား တယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ဘာအကြောင်းကို ရေးရင်ကောင်းမလဲ။ ဟုတ်ပြီ။ ကျွန်မရဲ့ စာအုပ်စင်လေးကို ပြန်မွှေလိုက်တော့ ကျွန်မအသက် ၁၄နှစ်ပြည့် မွေးနေ့မှာ ကျွန်မမေမေ လက်ဆောင် ပေးခဲ့တဲ့ “စာရေးဆရာ တက္ကသိုလ်နေ၀င်းရဲ့   ပြည်ထောင်စု ပိသုကာ ဗိုလ်ချုပ်အောင်ဆန်း ” ဆိုတဲ့ စာအုပ်လေးကို ရလိုက်တယ်။ (စာရေးဆရာ တက္ကသိုလ်နေ၀င်းဟာ ဗိုလ်ချုပ်သက်ရှိ ထင်ရှား ရှိစဉ်အခါက ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူ ခဲ့ရသူ တစ်ယောက်ပါ။) ဒီစာအုပ်လေးထဲက လူတွေ သိပ်မသိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာရေးဝါသနာပါပုံကို မူရင်းအတိုင်း အမှတ်တရ   ပြန်လည် တင်ပြချင်လာပါတယ်။
Read More...